Bible Dictionary and Concordance


a
b
c
d
e
f
g
h
i
j
k
l
m
n
o
p
q
r
s
t
u
v
w
y
z

a


armour / armorလက်နက်စုံThis is equipment that is put on to help protect the soldier in times of battle. DTP As a disciple we are soldiers fighting in a spiritual battle and Paul exhorts us to put on the full armour of God. စစ်ပွဲတွင်စစ်တိုက်သောစစ်သားများကို အကာအကွယ်ပေးသောလက်နက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာတိုက်ပွဲတွင်တိုက်ရသောစစ်သည်တော်များဖြစ်သဖြင့် ဘုရားသခင်၏လက်နက်စုံကိုဝတ် ဆင်ရန် ရှင်ပေါလုကတိုက်တွန်းထားပါသည်။ရှောလု၏ခေါင်းကိုဖြတ်၍ လက်နက်(armour) တော်ကိုချွတ်ပြီးမှ၊ ... ၁ရာ၊ ၃၁:၉ လက်နက်စုံ(armor) ကို ချွတ်သောသူသည် ဝါကြွားသကဲ့သို့၊ ... ၃ရာ၊ ၂၀:၁၁ အလင်း၏ လက်နက်စုံ(armour) ကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။ ... ရော၊ ၁၃:၁၂ ဖြောင့်မတ်သောအကျင့်တည်းဟူသော လက်နက်(armour)များကို၊ ... ၂ကော၊ ၆:၇ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံ(armour) ကို၊ ... ဧ၊ ၆:၁၁
army / armiesစစ်သည်၊ ဗိုလ်ခြေMilitary, soldiers, a group of people who unite together under a leader or flag to go forth and do battle against an enemy. DTP The church and the disciples need to see and comprehend that we are part of an army. We are involved in a spiritual battle with a real enemy who is seeking to destroy and kill. We need to come together under our captain Jesus Christ and be willing and obedient to carry out His orders. စစ်တပ်၊ စစ်သည်တော်များ၊ စစ်ပွဲတွင်ရန်သူကိုတိုက်ခိုက်ရန် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အလံတော် အောက်တွင်အတူတကွစုရုံးကြသော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ အသင်းတော်နှင့်အသင်းသူအသင်းသားတိုင်း မိမိတို့သည် စစ်သည်တော်တစ်စိတ်တစ်ပိုင်းဖြစ်ကြသည်ကို သိနားလည်ရပါမည်။ ကျွန်ုပ်တို့ကိုရှာဖွေ ဖျက်ဆီးသတ်ဖြတ်နေသောရန်သူကိုတိုက်ခိုက်ရန် ဝိညာဉ်ရေးရာတိုက်ပွဲတွင် ပါဝင်ကြရပါမည်။ ကျွန်ုပ် တို့၏ဗိုလ်ချုပ်သခင်ယေရှုခရစ်တော်၏ဦးဆောင်မှုအောက်တွင် အတူတကွရောက်ရှိလာကြပြီး သူ၏အ မိန့်ကိုနာခံလုပ်ဆောင်ကြရပါမည်။ အဆွေတော်အဟုဇတ်နှင့် ဗိုလ်ချုပ် (army) မင်းဖိကောလတို့ကိုခေါ်၍၊ ... က၊ ၂၆:၂၆ ဣသရေလတပ်သား(army) တို့နှင့် ဖိလိတ္တိတပ်သား(army) တို့သည် စစ်ခင်းကျင်း၍၊ ... ၁ရာ၊ ၁၇:၂၁ စစ်(army) မျက်နှာကဲ့သို့ ကြောက်မက်ဖွယ် ဖြစ်၏။ ... သီ၊ ၆:၄ အမျက်ထွက်၍ စစ်(armies) ချီစေသဖြင့်၊ ... မ၊ ၂၂:၇ မြင်းစီးသူရဲ(army) တို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ... ဗျာ၊ ၉:၁၆ ကောင်းကင်ဗိုလ်ခြေ(armies) တို့သည် မြင်းဖြူကိုစီးလျက်၊ ... ဗျာ၊ ၁၉:၁၄
ascend / ascended / ascendingတက်ကြွrise, climb, soar, and go up: one day all believers in Christ will ascend to heaven where we will meet Christ face to face. ပေါ်ထွက်လာသည်၊ တက်သည်၊ အပေါ်တက်သည်။ ခရစ်တော်၌ယုံကြည်သူတို့သည် တစ်နေ့သောအခါ ကောင်းကင်ဘုံသို့တက်ကြွပြီး ခရစ်တော်နှင့်မျက်နှာချင်းဆိုင်တွေ့ဆုံရမည်ဖြစ်သည်။ ကောင်းကင်တမန်တို့သည်၊ ထိုလှေကားဖြင့် ဆင်းလျက်တက်(ascending) လျက်ရှိကြ၏။ ... က၊ ၂၈:၁၂ ထာဝရဘုရား၏တောင်တော်ပေါ်သို့ အဘယ်သူသည် တက်(ascend) ရမည်နည်း။ ... ဆာ၊ ၂၄:၃ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွ(ascended) တော်မူသဖြင့်၊ ... ဆာ၊ ၆၈:၁၈ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ ငါတက်(ascend) မည်။ ... ဟေရှာ၊ ၁၄:၁၃ မိုးတိမ်ထိပ်ပေါ်သို့ ငါတက်(ascend) မည်။... ဟေရှာ၊ ၁၄:၁၄ ကောင်းကင်တမန်တို့သည် လူသား၏အပေါ်၌ ဆင်းလျက်တက်(ascending) လျက်၊ ... ယော၊ ၁:၅၁ လူသားသည် အရင်နေရာအရပ်သို့ တစ်ဖန် ကြွတက်(ascend) သည်ကို၊ ... ယော၊ ၆:၆၂ မြင့်သောအရပ်သို့ တက်ကြွ(ascended) တော်မူသဖြင့်၊ ... ဧ၊ ၄:၈ ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွ (ascended)တော်မူသော သူဖြစ်သတည်း။ ... ဧ၊ ၄:၁၀ကောင်းကင်သို့ အဘယ်သူတက်(ascend) လိမ့်မည်နည်း။ ... ရော၊ ၁၀:၇
ascensionတက်ကြွသွားသည်။ Describes or testifies that 40 days after rising from the dead (Resurrection day), Jesus ascended into the heavenlies to be seated at the right hand of the Father. After Jesus resurrected from the dead it was a number of days later He ascended into heaven (Acts 1:9-10). သေပြီးနောက် (ရှင်ပြန်ထမြောက်ရာနေ့) အရက် (၄၀) အတွင်းထင်ရှားသည်။ ယေရှုသည် ကောင်းကင်သို့ တက်ကြွပြီး အဖခမည်းတော်၏လက်ယာလက်တွင်ထိုင်နေတော်မူသည်။ သခင်ယေရှုရှင်ပြန်ထမြောက် တော်မူပြီးနောက် ရက်ပေါင်းများစွာနေထိုင်ပြီး ကောင်းကင်သို့တက်ကြွသွားသည် (တ၊ ၁:၉-၁၀)။
ascentအပေါ်သို့တက်သည်။climb, elevation; to move upward from the foot of a mountain; moving from a lower point to a higher elevation. အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် (ascent)ဇိနရွာသို့ ... တော၊ ၃၄:၄ခြေနင်းကိုချွတ်လျက် သံလွင်တောင်ပေါ်သို့ တက်(ascent)လေ ၏။... ၂ရာ၊ ၁၅:၃၀ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်း (ascent) ကို၎င်း... ၃ရာ၊ ၁ဝ:၅ထာဝရ ဘုရား၏ အိမ်တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်း(ascent) ကို၎င်း... ၆ရာ၊ ၉:၄
ashပြာThe dust or residue that is left behind after something is burned; a cinder, embers, soot. မြေမှုန့် သို့မဟုတ် မီးလောင်ပြီးနောက်ကျန်ခဲ့သောအကြွင်းအကျန်၊ မီးသွေးပြာ၊ မီးခဲ၊ အိုးမဲ။ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာ(ashes) သက်သက်ဖြစ်သော်လည်း၊ ... က၊ ၁၈:၂၇ ဆင်းရဲသောသူကို မြေမှုန့်(ash) ထဲကလည်းကောင်း၊ ... ၁ရာ၊ ၂:၈ မြေမှုန့်နှင့် မီးဖိုပြာ(ashes) ၌ထိုင်၍ နောင်တရပါ၏ဟု၊ ... ယောဘ၊ ၄၂:၆ ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာ(ashes) ထဲမှထိုင်လျက်၊ ... လု၊ ၁၀:၁၃
ashamedရှက်ကြောက်Feeling shame or guilt, feeling embarrassed or remorse for some type of action, an emotion of the heart and mind. DTP The disciple needs to keep short accounts before Christ so that when he or she meets Christ they will not be ashamed of how they have lived here on earth. ရှက်ကြောက်ခြင်း သို့မဟုတ် အပြစ်ရှိသည်ဟုခံစားရခြင်း၊ ရှက်ကိုးရှက်ကန်းဖြစ်ခြင်း သို့မဟုတ် နောင်တ ကြီးစွာရခြင်း၊ စိတ်နှလုံးခံစားမှုနှင့်စိတ်အနှောင့်အယှက်ဖြစ်မှု။ ကျွန်ုပ်တို့သည် ခရစ်တော်၏ရှေ့တော်တွင် ကောင်းသောတာဝန်ယူမှု၊ တာဝန်ခံမှုပြုခြင်းဖြင့် ခရစ်တော်နှင့်တွေ့ဆုံသောအခါ ဤလောကတွင် မိမိ ကောင်းစွာအသက်ရှင်ခဲ့ခြင်းအတွက် ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည်ဖြစ်သည်။ အဝတ်မဝတ်ဘဲနေ၍၊ ရှက်ကြောက်(ashamed) ခြင်းနှင့်ကင်းလွတ်ကြ၏။ ... က၊ ၂:၂၅ ကိုယ်တော်ကို ခိုလှုံပါသည်ဖြစ်၍၊ ရှက်ကြောက်(ashamed) ခြင်းသို့ မရောက်ပါစေနှင့်။ ... ဆာ၊ ၂၅:၂၀ ရှက်ကြောက်(ashamed) ခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ ... ဆာ၊ ၃၁:၁ ထိုအခါ သင်သည် အရှက်ကွဲခြင်းကို မခံရ။ ... ဇေ၊ ၃:၁၁ ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်(ashamed) ၏။ ... မာ၊ ၈:၃၈ ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်(ashamed) ၏၊ ... လု၊ ၉:၂၆ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်(ashamed) ခြင်းမရှိ။ ... ရော၊ ၁:၁၆ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်(ashamed) ခြင်းမရှိ၊ ... ရော၊ ၉:၃၃ သို့သော်လည်း ရှက်ကြောက်(ashamed) ခြင်းမရှိ။ ... ၂တိ၊ ၁:၁၂ ရှက်ကြောက်(ashamed) စရာအကြောင်းမရှိဘဲ၊ ... ၂တိ၊ ၂:၁၅ သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်(ashamed) တော်မမူ၊ ... ဟေဗြဲ၊ ၁၁:၁၆ ခရစ်ယာန်ဖြစ်သောကြောင့် ခံ …. ရှက်ကြောက်(ashamed) ခြင်း မရှိစေနှင့်။ ... ၁ပေ၊ ၄:၁၆ ရှက်ကြောက်(ashamed) ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ... ၁ယော၊ ၂:၂၈
asherah / asherah poleအာရှရပင် A Canaanite fertility goddess often associated with Baal worship; wooden pole used as a symbol for the Canaanite god and marked a place to worship her; Israel was not to worship any other gods, Deut 12:3; the people of Israel were to tear down all the asherah poles and burn them (Ex 34:13). ခါနန်တို့၏ ဖွံ့ဖြိုးခြင်းဆိုင်ရာဘုရားမဖြစ်သည်။ ဗာလဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆက်စပ်နေသည်။ သစ် သားဝင်ရိုးဖြင့်ပြုလုပ်ပြီး ခါနန်ဘုရား၏သင်္ကေတဖြစ်သည်။ ဣသရေလတို့သည် အခြားမည်သည့်ဘုရား ကိုမှမကိုးကွယ်ရပါ (တရား၊ ၁၂:၃)။ သူတို့သည် အာရှရပင်တို့ကိုခုတ်လှဲပြီး မီးရှို့လိုက်ရမည်ဖြစ်သည် (ထွ၊ ၃၄:၁၃)။
askတောင်း၊ တောင်းပန်To say or write something to another with the hope to get some type of response; to get an answer or information; to expect or demand something. DTP In Matt 7:7, Jesus was showing the disciples how they must approach God in their prayer life. We are to come before the Father in heaven and boldly ask of Him concerning our needs and most of all His will for our lives. Asking is how we get answers and direction for our lives and for the lives of others. အခြားသူတစ်ဦးတစ်ယောက်ထံသို့ တစ်စုံတစ်ခုရမည်ဆိုသောမျှော်လင့်ချက်ဖြင့်ပြောဆိုခြင်း သို့မဟုတ် စာရေးခြင်း၊ အဖြေ သို့မဟုတ် သတင်းရရှိခြင်း၊ တစ်စုံတစ်ခုကိုမျှော်လင့်ခြင်း သို့မဟုတ် တောင်းဆိုခြင်း ဖြစ်သည်။ မ၊ ၇:၇ တွင် သခင်ယေရှုသည်တပည့်တော်တို့အား ဆုတောင်းခြင်းအသက်တာဖြင့် ဘုရားရှင်ထံမည်ကဲ့သို့ချဉ်းကပ်ရမည်ကို ဖော်ပြထားပါသည်။ ကောင်းကင်ဘုံရှိခမည်းတော်ရှေ့သို့ တိုး ဝင်ချဉ်းကပ်ပြီး ကျွန်ုပ်တို့၏လိုအပ်ချက်နှင့် ကျွန်ုပ်တို့၏အသက်တာတွင်ဘုရားသခင်၏အလိုတော်ကို ရဲဝံ့စွာတောင်းဆိုရပါမည်။ တောင်းဆိုမေးမြန်းခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာနှင့် သူတစ်ပါး၏အသက် တာအတွက် အဖြေနှင့်လမ်းညွှန်မှုကိုရရှိနိုင်ပါသည်။ သင့်အဘကိုမေးမြန်း(ask) လျှင် သူသည်ဖော်ပြလိမ့်မည်။ ... တရား၊ ၃၂:၇ ငါပေးရမည်ဆုကို တောင်း(Ask) လော့ဟု ဘုရားသခင်၊ ... ၃ရာ၊ ၃:၅ (၅ရာ၊ ၁:၇) တောင်း(Ask) ပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ ... ဟေရှာ၊ ၇:၁၁ မိုးရွာစေမည်အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်း(Ask) ကြလော့။ ... ဇာ၊ ၁၀:၁ တောင်း(asketh) သောသူအား ပေးလော့။ ... မ၊ ၅:၄၂သင်တို့ အလိုရှိသမျှတို့ကို သင်တို့မတောင်း(ask) မီ၊ ... မ၊ ၆:၈ တောင်း(Ask) ကြလော့။ တောင်း(Ask) လျှင်ရမည်။ ... မ၊ ၇:၇ ယုံကြည်ခြင်းပါလျက် ပတ္ထနာပြု၍ ဆုတောင်း(ask) သမျှတို့ကို၊ ... မ၊ ၂၁:၂၂ တောင်း(Ask) ကြလော့။ တောင်း(Ask) လျှင်ရမည်။... လု၊ ၁၁:၉ ဆုတောင်း(ask) သောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို၊ ... လု၊ ၁၁:၁၃ ငါ၏နာမကိုအမှီပြုလျက် ဆုတောင်း(ask) သမျှအတိုင်း၊ ... ယော၊ ၁၄:၁၃ သင်တို့သည်တောင်းချင်သမျှကို တောင်း(ask) ၍ရကြလိမ့်မည်။ ... ယော၊ ၁၅:၇ ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်း(ask) သမျှတို့ကို၊ ... ယော၊ ၁၅:၁၆ ငါတို့ တောင်း(ask) ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ၊ ... ဧ၊ ၃:၂၀ဘုရားသခင်ကို တောင်း(ask) စေ၊ တောင်း(ask) လျှင်ရလိမ့်မည်။ ... ယာ၊ ၁:၅ အကြောင်းမူကား၊ ဆုမတောင်း(ask) ဘဲ နေကြ၏။ ... ယာ၊ ၄:၂ အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်း(ask) လျှင်၊ ... ၁ယော၊ ၅:၁၄ ထိုသူသည် ဆုတောင်း(ask) ရမည်။ ……. ထိုသူအား အသက်ကိုပေး၊ ... ၁ယော၊ ၅:၁၆
assemble / assembledစည်းဝေး၊ စုဝေးTo bring or gather together, to gather together in a church or synagogue, a congregation of people. DTP The disciple should always try to make it possible that at least once a week that they assemble together with other believers. One can gather strength and encouragement from others if one will take the time to come together. Where two or three are gathered Christ is in our midst guiding and directing His body the church (Matt 18:19-20). အတူတကွစုဝေးခြင်း၊ အသင်းတော် သို့မဟုတ် တရားစရပ်တွင်စုဝေးခြင်း၊ လူစုလူဝေး။ ကျွန်ုပ်တို့ ယုံကြည်သူများအချင်းချင်း အနည်းဆုံးတစ်ပတ်တစ်ကြိမ်စုဝေးတွေ့ဆုံသင့်ပါသည်။ ထိုသို့အားဖြင့်တစ်ဦး ၏အင်အားနှင့်အားပေးမှုကို အခြားတစ်ဦးကရရှိနိုင်ပါသည်။ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော်မူ၏ (မ၊ ၁၈:၁၉-၂၀)။ ပရိသတ်အပေါင်းကိုစည်းဝေး(assembled) စေပြီးမှ၊ ... တော၊ ၁:၁၈ ယုဒလူတို့ကို စုဝေး(Assemble) စေပြီးလျှင်၊ ... ၂ရာ၊ ၂၀:၄ကိုယ်၌ မြေမှုန့်ကိုတင်လျက် စည်းဝေး(assembled) ကြ၏။ ... နေ၊ ၉:၁ သင်တို့သည် စည်းဝေး(Assemble) ၍ လာကြလော့။ ... ဟေရှာ၊ ၄၅:၂၀ ထာဝရဘုရား၏အိမ်တော်၌ စည်းဝေး(assembly) ၍၊ ... ယောလ၊ ၁:၁၄ (၂:၁၅) နို့စို့သောသူတို့ကိုလည်းကောင်း စုဝေး(assemble) စေကြလော့။ ... ယောလ၊ ၂:၁၆ တစ်နှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး(assembled) ၍၊ ... တ၊ ၁၁:၂၆ သင်တို့ဆီသို့စေလွှတ်ခြင်းငှါ တညီတညွတ်တည်း စီရင်သည်(assembled) နှင့် အညီ၊ ... တ၊ ၁၅:၂၆ အချင်းချင်း စည်းဝေး(assembling) ခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ ... ဟေဗြဲ၊ ၁၀:၂၅
assuranceဝိစိကိစ္ဆာနှင့်ကင်း၊ ယုံမှားသံသယကင်းခြင်းPledge, declaration, guarantee, oath, promise. DTP once we receive Jesus Christ into our hearts, the Holy Spirit gives to the believer assurance and peace that we are children of God (1 Thes 1:5). When we put our faith in Christ Jesus He gives to us through the Holy Spirit an assurance that we have been forgiven and that we are His children. He gives us the Holy Spirit into our hearts as a guarantor or as an assurance that we are part of His body the Church for which He will soon come back. သက်သေ၊ တရားဝင်ကြေညာခြင်း၊ အာမခံချက်၊ ကျမ်းကျိန်ချက်၊ ကတိ။ ကျွန်ုပ်တို့သည် ဘုရားရှင်၏သားသမီးများဖြစ်သောကြောင့် နှလုံးသားအထဲတွင် ယေရှုခရစ်တော်ကိုလက်ခံသည်နှင့် သန့်ရှင်းသောဝိညာဉ်တော်က စိတ်ချလုံခြုံမှုနှင့်ငြိမ်သက်ခြင်းကိုပေးတော်မူသည် (၁သက် ၁:၅)။ ယေရှု ခရစ်တော်၌ ကျွန်ုပ်တို့ယုံကြည်ပါလျှင် ယုံမှားသံသယကင်းသောအပြစ်ဖြေလွတ်ခြင်းနှင့် သားသမီးဖြစ်ရ သောအခွင့်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပေးတော်မူပါသည်။ ဘုရားရှင်သည် ကျွန်ုပ်တို့နှလုံး သားအထဲသို့ အာမခံအဖြစ် သို့မဟုတ် ကတိသက်သေအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော် မူခြင်းဖြင့် ကျွန်ုပ်တို့သည် အသင်းတော်တည်းဟူသော ကိုယ်တော်၏ခန္ဓာတစ်စိတ်တစ်ပိုင်း ဖြစ်စေတော် မူပါသည်။ ဖြောင့်မတ်ခြင်းအကျိုးမူကား၊ ထာဝရငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း(assurance)တည်း။ ... ဟေရှာ၊ ၃၂:၁၇ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေ(assurance)ကိုပြတော်မူပြီဟု၊ ... တ၊ ၁၇:၃၁ ဝိစိကိစ္ဆာနှင့်ကင်းစင်(assurance)သော ဉာဏ်၏စည်းစိမ်အပေါင်းနှင့် ပြည့်စုံ၍၊ ... ကော၊ ၂:၂ ဝိစိကိစ္ဆာမရှိ(assurance)ဘဲ အမှန်သိခြင်းနှင့်လည်းကောင်း ပြည့်စုံသောတရား၊ ... ၁သက်၊ ၁:၅ ယုံမှားခြင်းနှင့်ကင်း(assurance)သော မျှော်လင့်ခြင်းနှင့်၊ ... ဟေဗြဲ၊ ၆:၁၁ဝိစိကိစ္ဆာနှင့်(assurance)ကင်းသော ယုံကြည်ခြင်း၌တည်လျက်၊ ... ဟေဗြဲ၊ ၁၀:၂၂
assurance of salvationကယ်တင်ခြင်းစိတ်ချမှုThe actual phrase is not used in the Bible, but the concept is taught extensively throughout the New Testament; once we confess our sin and believe in our hearts (Rom 10:9-10) we can have full confidence and assurance of salvation; that once we finish our journey here on earth, we will spend eternity in heaven. Examples of this teaching from Scripture; Heb 6:11; 1 John 5:11-13. ဤစကားကို သမ္မာကျမ်းစာအထဲတွင်မဖော်ပြထားသော်လည်း အယူအဆသဘောထားကိုမူ ဓမ္မသစ်ကျမ်း ထဲတွင် ကျယ်ပြန့်စွာသွန်သင်ထားပါသည်။ အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည် (ရော၊ ၁၀:၉-၁၀)။ ဤလောက၌ ကျွန်ုပ်တို့လမ်းခရီး ကုန်ဆုံးသွားသော အခါ ကောင်းကင်ဘုံတွင် ထာဝရအချိန်ကုန်ဆုံးသွားမည်ဖြစ်သည်။ ယော၊ ၁၀:၂၈-၂၉။ ဟေဗြဲ၊ ၆:၁၁။ ၁ယော၊ ၅:၁၁-၁၃ တို့ကိုကြည့်ပါ။
astrology / astrologersကြယ်နက္ခတ်တို့ကိုမှတ်သောသူ၊A supposed science that is founded on a belief that the planets, stars and moon have an influence upon human affairs; people's horoscopes are based on this teaching. Many westerners are strong believers in this teaching and read their horoscopes daily from the newspaper or books; it is believed that the Magi were astrologers. စကြဝဠာ၊ ကြယ်များနှင့်လတို့သည် လူသားတို့၏အရေးကိစ္စများအား လွှမ်းမိုးသည်ဆိုသောယုံကြည်ချက် ကို ရှာဖွေသည့်သိပ္ပံအတတ်ဖြစ်သည်။ လူသားတို့၏ဇာတာခွင်သည် ဤသွန်သင်ချက်ပေါ်တွင်မူတည် သည်ဟုဆိုသည်။ အနောက်နိုင်ငံသားအများစုသည် ဤသွန်သင်ချက်ကိုနက်နဲစွာယုံကြည်ပြီး မိမိတို့၏ ဇာတာခွင်ကို သတင်းစာများတွင်လည်းကောင်း၊ စာအုပ်များတွင်လည်းကောင်း နေ့စဉ်ဖတ်ရှုကြသည်။ မာဂုပညာရှိတို့သည်လည်း ကြယ်နက္ခတ်တို့ကိုမှတ်သောသူဟုဆိုကြသည်။ မိုးကောင်းကင်ကို ကြည့်ရှုသောသူ၊ ကြယ်နက္ခတ်တို့ကိုမှတ်သောသူ(astrologers) ၊ ... ဟေရှာ၊ ၄၇:၁၃ မာဂုပညာရှိ၊ ဗေဒင်တတ်(astrologers)၊ သူပြုဆရာ၊ ခါလဒဲဆရာတို့ကို၊ ... ဒံ၊ ၂:၂
Atheismဘုရားမဲ့ဝါဒီA teaching that holds or believes that there is no God; atheist, doubter, nonbeliever; a person who denies or disbelieves the existence of God. ဘုရားမရှိဆိုသောသွန်သင်ချက် သို့မဟုတ် ယုံကြည်ချက်ဖြစ်သည်။ ဘုရားမဲ့သူ၊ သံသယရှိသူ၊ မယုံသူ၊ ဘုရားသခင်ရှိသည်ကို ငြင်းဆန်သူ၊ မယုံကြည်သူဖြစ်သည်။
atoneအပြစ်ဖြေရာယဇ်ပူဇော်ခြင်းSubstitutionary sacrifice; in the Old Testament various sacrifices were made to atone for the peoples' sins or wrong doing, in the New Testament Christ became the sacrificial lamb who atoned for those who put their trust in Him. He shed His blood for the price that was needed to pay for our personal sins, making it possible that we could be redeemed from sin and death. အစားထိုးသောယဇ်ပူဇော်ခြင်း။ လူသားတို့၏အပြစ် သို့မဟုတ် မှားယွင်းခြင်းများဖြေလွတ်ရန်အတွက် မျိုးစုံသောယဇ်ပူဇော်ခြင်းကို ဓမ္မဟောင်းကျမ်းတွင်တွေ့ရပါသည်။ ခရစ်တော်ကိုယုံကြည်သူတို့၏အပြစ် များဖြေလွတ်ရန် ခရစ်တော်သည် သိုးသငယ်ယဇ်ကောင်အဖြစ်ပူဇော်သည့်အကြောင်းကို ဓမ္မသစ်ကျမ်း ကဖော်ပြထားပါသည်။ ကျွန်ုပ်တို့ပြုသည့်အပြစ်များအတွက် ကိုယ်တော်သည်အသွေးသွန်းကာ အဖိုးအခ ပေးခဲ့သည်။ ထိုအခါ ကျွန်ုပ်တို့သည် အပြစ်မှင့်သေခြင်းမှလွတ်မြောက်ပြီဖြစ်သည်။
atonementအပြစ်ဖြေReconciliation, penitence, compensation, making amends, recompense; the removal or forgiveness of sin through a sacrifice, resulting in our acceptance before God (Ex 32:30-32); something that makes up for a wrong or harmful act. DTP In the New Testament Christ became the sacrificial lamb who atoned for those who put their trust in Him. He shed His blood for the price that was needed for our personal sins. ပြန်လည်သင့်မြတ်ခြင်း၊ နောင်တရခြင်း၊ ပေးလျော်ခြင်း၊ ပြုပြင်ခြင်း၊ ဆုပေးဒဏ်ပေး၊ ယဇ်ပူဇော်ခြင်း အားဖြင့်အပြစ်ဖြေခြင်း၊ ဘုရားသခင်ရှေ့တော်တွင်ကျွန်ုပ်တို့ကိုလက်ခံခြင်း (ထွ၊ ၃၂:၃၀-၃၂)။ မှားယွင်း ခြင်း သို့မဟုတ် နာကျင်စွာလုပ်ဆောင်ခြင်းအတွက်ပြုပြင်ခြင်း။ ခရစ်တော်ကိုယုံကြည်လက်ခံသူများ အတွက် ခရစ်တော်သည်အပြစ်ဖြေရာသိုးသငယ်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့၏အပြစ်အတွက် ကိုယ်တော် သည်အသွေးသွန်းကာပေးဆပ်ခဲ့ပါသည်။ တစ်နှစ်တစ်ခါ အပြစ်ဖြေ(atonement) ရာယဇ်ကောင်အသွေးကိုယူ၍၊ ... ထွ၊ ၃၀:၁၀သူ၏အပြစ်ကိုဖြေ(atonement) မည်အကြောင်း လက်ခံတော်မူမည်။ ... ဝတ်၊ ၁:၄ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေ(atonement) ခြင်းကိုပြုလျှင်၊ ... ဝတ်၊ ၄:၃၅ ထိုသူပြစ်မှားမိသောအပြစ်အတွက် အပြစ်ဖြေ(atonement) ခြင်းကိုပြုလျှင်၊ ... ဝတ်၊ ၅:၁၀ ထာဝရဘုရားရှေ့တော်၌ သူတို့အဖို့ အပြစ်ဖြေ(atonement) ခြင်းကိုပြုစေခြင်းငှာ၊ ... ဝတ်၊ ၁၀:၁၇ ထိုမိန်းမအဖို့ အပြစ်ဖြေ(atonement)ခြင်းကိုပြုသဖြင့်၊ ... ဝတ်၊ ၁၂:၇ လူအပြစ်ကိုဖြေ(atonement) သောအရာကား၊ အသွေးဖြစ်သတည်း။ ... ဝတ်၊ ၁၇:၁၁ အပြစ်ဖြေ(atonement) ရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သကာကို၊ ... တော၊ ၁၅:၂၅ ဣသရေလအမျိုး၏ အပြစ်ဖြေ(atonement) ရာယဇ် အစရှိသော... နေ၊ ၁၀:၃၃ (တော၊ ၂၈:၂၂) လွန်ကျူးခြင်းအမှုကိုဆီးတား၍ အပြစ်ကိုတံဆိပ်ခတ်(atonement) စေခြင်းငှာ ... ဒံ၊ ၉:၂၄ ငါတို့သခင်ယေရှုခရစ်အားဖြင့် မိတ်သဟာယ(atonement) ဖွဲ့ရာ ကျေးဇူးကို၊ ... ရော၊ ၅:၁၁
atoning deathအပြစ်ဖြေရာသေခြင်းFor sin to be atoned, something had to give its life for another; blood had to be shed on an altar to appease or make substitution for the one who had sinned (Ex 30:10). သည်တစ်စုံတစ်ဦး၏အပြစ်ဖြေရန် တစ်စုံတစ်ခုကိုပေးဆပ်ရပါသည်။ အပြစ်ပြုသူတစ်ဦး၏အပြစ်ပြေစေ ရန် ပလ္လင်ပေါ်တွင်အသွေးသွန်းရပါသည်၊ သို့မဟုတ် အစားထိုးပေးဆပ်ရပါသည်။
attitudeစိတ်သဘောထားKing James Bible uses the word mind or minded 1 Cor 2:16; Phil 2:5; 3:15; approach, outlook, manner, stance, position, mind-set. Jesus gave us the beatitudes in the Sermon on the Mount - wisdom proverbs teaching on how we should act and think toward each other as people (Matt 5:1-11); the disciple of Christ is to have the mind or attitude of Christ (Phil 2:5). ၁ကော ၂:၁၆။ ဖိ၊ ၂:၅။ ၃:၁၅ တို့တွင် စိတ် သို့မဟုတ် စိတ်သဘောဟုသုံးနှုန်းထားပါသည်။ ချဉ်းကပ်သည်၊ ရှုမြင်သုံးသပ်သည်၊ အပြုအမူ၊ ရပ်တည်ချက်၊ နေရာ၊ အဆင့်၊ ပုံစံကျနေသောအမြင်။ သခင်ယေရှုသည် ကျွန်ုပ်တို့ထားရှိရမည့်စိတ်သဘောထားများ၊ မည်သို့လုပ်ကိုင်ဆောင်ရွက်ရမည်၊ သူတစ်ပါးကိုမည်ကဲ့သို့ ဆက်ဆံရမည် စသည်တို့ကို တောင်ပေါ်ဒေသနာတွင်သွန်သင်ထားပါသည် (မ၊ ၅:၁-၁၁)။ ခရစ်တော်၌ရှိ သောစိတ်သဘောတော်သည် ကျွန်ုပ်တို့တွင်ရှိရမည်ဖြစ်သည် (ဖိ၊ ၂:၅)။
attributesပင်ကိုယ်အရည်အချင်းQualities, characteristics, traits, aspects, elements; we use this word to explain the nature and characteristics of who God is. God can be known as all things to all people. ၁ကောအရည်အချင်း၊ သွင်ပြင်လက္ခဏာ၊ ထင်ရှားသောအမူအကျင့်၊ ရှုထောင့်၊ အရိပ်လက္ခဏာ။ ဘုရား သခင်၏သဘောသဘာဝနှင့်သွင်ပြင်လက္ခဏာကိုရှင်းပြရာတွင် ဤစကားလုံးကိုအသုံးပြုသည်။ ဘုရား သခင်သည် လူအားလုံးအတွက် အရာရာဖြစ်သည်။
authorပြုစုသူWriter, novelist, biographer; we are told that Christ is the author and finisher of our faith. He has written out the plan that He has for our life; that's why we are called letters that people can read (2 Cor 3:2, 3). စာရေးသူ၊ ဝတ္ထုရေးသားသူ၊ အတ္ထုပ္ပတ္တိပြုစုသူ။ ခရစ်တော်သည် ကျွန်ုပ်တို့ယုံကြည်ခြင်းကိုပြုစုသူနှင့်အ ဆုံးသတ်သူဖြစ်သည်။ ကျွန်ုပ်တို့အသက်တာအတွက် သူအလိုတော်ရှိသောပုံစံကိုပြုစုပေးသူဖြစ်သည်။ ထိုကြောင့် ကျွန်ုပ်တို့ကို လူအပေါင်းတို့ဖတ်သောစာဟုခေါ်ကြသည်။ (၂ကော ၃:၂-၃) ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကို ပြုစုတော်(author) မမူ။ ... ၁ကော၊ ၁၄:၃၃ ထာဝရကယ်တင်ခြင်း ကျေးဇူးကို ပြုသောသူ(author) ဖြစ်တော်မူ၍။ ... ဟေဗြဲ၊ ၅:၉ ယုံကြည်ခြင်းကို အစအဦးစီရင်(author)၍စုံလင်စေတော်မူသော၊ ... ဟေဗြဲ၊ ၁၂:၂
authorityအာဏာတန်ခိုးPower, ability, influence, weight; in God there is all authority over everything in heaven and on earth (1 Cor 15:24). Christ, at the end of his earthly ministry, gave authority to the disciples (Tit 2:15). DTP When the disciple abides in Christ he becomes the channel of Christ's authority and power to flow through, not because of who we are but because of who He is in us. We become His ambassadors of reconciliation to a lost world. တန်ခိုး၊ အရည်အသွေး၊ လွှမ်းမိုးခြင်း၊ အလေး။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးပေါ်ရှိ အရာခပ်သိမ်းအပေါ် အာဏာတန်ခိုးရှိတော်မူသည် (၁ကော ၁၅:၂၄)။ သခင်ယေရှုသည် လောကတွင်မိမိ ၏အမှုတော်ပြီးဆုံးသွားသောအခါ တပည့်တော်တို့ကို တန်ခိုးအာဏာပေးအပ်တော်မူသည် (တိ၊ ၂:၁၅)။ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိနေလျှင် ကျွန်ုပ်တို့အားဖြင့် ခရစ်တော်၏အာဏာတန်ခိုးစီးဆင်းရာဖြစ် သည်။ ဤသည်မှာ ကျွန်ုပ်တို့ဖြစ်တည်ခြင်းကြောင့်မဟုတ်ဘဲ ကိုယ်တော်သည်ကျွန်ုပ်တို့အထဲ၌ရှိနေသော ကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤပျောက်ဆုံးနေသောကမ္ဘာကြီးအတွက် ပြန်လည်သင့်မြတ်ခြင်းသံတ မန်များဖြစ်ကြသည်။ ဖြောင့်မတ်သောသူတို့သည် အခွင့်ရ (authority) သောအခါ၊ ... သု၊ ၂၉:၂ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရ (authority) သော သူနည်းတူ ဆုံးမဩဝါဒ၊ ... မ၊ ၇:၂၉ ကျွန်တော်သည် မင်း (authority)အောက်၌ ကျွန်ခံသောသူဖြစ်သော်လည်း၊ ... မ၊ ၈:၉ လောကီမင်းတို့သည် အစိုးတရ (authority) ပြုတတ်ကြ၏။ ... မ၊ ၂၀:၂၅ ညစ်ညူးသောနတ်တို့ကိုပင် အာဏာ(authority) နှင့်မှာထား၍၊ ... မာ၊ ၁:၂၇ အနာရောဂါတို့ကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုး(authority) ကို၊ ... လု၊ ၉:၁ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုး(authority) အမျိုးမျိုးကို၊ ... ၁ကော၊ ၁၅:၂၄ ဆုံးမပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသောအာဏာ(authority) နှင့်တကွပြုလော့။ ... တိ၊ ၂:၁၅ ကောင်းကင်တမန်အစရှိသော အာဏာစက်တန်ခိုးများ (authorities) တို့ကို၊ ... ၁ပေ၊ ၃:၂၂
avenge / avengedလက်စားချေVindicate, bear a grudge, to be ruthless, unforgiving, to take revenge for something that has been done to you. သက်သေထူ၊ မလိုမုန်းတီး၊ အကြင်နာကင်းသော၊ သင့်ကိုပြန်လည်ရန်တုံ့ပြန်သည်။ ကိုယ်တိုင်အပြစ်ပြန်၍မတုံ့(avenge) ရ။ အငြိုးမထားရ။ ... ဝတ်၊ ၁၉:၁၈ ကိုယ်တော်၏ကျွန်တို့ကို သတ်သော အပြစ်နှင့်အလျောက်ဒဏ်ပေး(avenge) ၍၊ ... တရာ၊ ၃၂:၄၃ သူ၏အမျိုးအနွယ်၌လည်းကောင်း၊ ယနေ့ဆပ်ပေး(avenged) တော်မူပြီဟု၊ ... ၂ရာ၊ ၄:၈ ငါ့ရန်သူတို့ကို အပြစ်နှင့်အလျောက်(avenge) စီရင်မည်။ ... ဟေရှာ၊ ၁:၂၄ ကျွန်မရန်ဘက်ကို လက်စားချေ(Avenge) လောက်အောင်၊ ... လု၊ ၁၈:၃ သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်(avenged) သဖြင့်၊ ... တ၊ ၇:၂၄ သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍တုံ့(avenge) ကြနှင့်။ ... ရော၊ ၁၂:၁၉
awake နိုးထခြင်း ။ နိုးထသည်။In the 1800, a movement known as the "Great Awakening" turned hundreds of Christians back to Christ as their Lord and Saviour. They were asleep in religion, but became alive spiritually in Christ Jesus. God often called Israel to awake from their sleep; they had fallen asleep or walked away from God's presence and direction for their lives. The Great Awakening was a great revival of waking man up out of his spiritual sleep. DTP Each day God challenges believers to awake, not to be asleep when it comes to their faith and walk in Christ. Today there is a great need in this area both in one's life personally and in the churches. We need to pray for a last day awakening. ၁၈၀၀ ပြည့်နှစ်တွင် ‘’ကြီးမားသောနိုးထခြင်း’’ ဆိုသောလှုပ်ရှားမှုကြီးသည် ရာပေါင်းများစွာ သောခရစ်ယာန်တို့ကို ခရစ်တော်ထံသို့ပြန်လှည့်စေကာ ခရစ်တော်သည် မိမိသခင်ကယ်တင်ရှင်အဖြစ် လက်ခံစေခဲ့သည်။ သူတို့သည် ဘာသာရေးအရအိပ်ပျော်နေကြသော်လည်း ယေရှုခရစ်တော်၌ဝိညာဉ် အားဖြင့်နိုးထလာခဲ့ကြသည်။ ဘရားသခင်သည် ဣသရေလလူမျိုးတို့ကို အိပ်ပျော်ရာမှနိုးထရန် မကြာ ခဏခေါ်တော်မူသည်။ သူတို့သည် အိပ်ပျော်သွားကြပြီး ဘုရားသခင်၏မျက်မှောက်တော်နှင့်ညွှန်ကြားမှုမှ ဝေးကွာသွားကြသည်။ ထိုလှုပ်ရှားမှုကြီးသည် ဝိညာဉ်ဆိုင်ရာအိပ်ပျော်ခြင်းမှနိုးထရန် လှုံ့ဆော်ပေးသော နိုးကြားရေးဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူတို့ကိုနိုးထရန်၊ ယုံကြည်ခြင်းဆိုင်ရာတွင်လည်း ကောင်း၊ ခရစ်တော်နှင့်လျှောက်လှမ်းရာတွင်လည်းကောင်း နေ့စဉ်စိန်ခေါ်လျက်ရှိသည်။ ယနေ့တစ်ဦး ချင်းအသက်တာတွင်လည်းကောင်း၊ အသင်းတော်တွင်လည်းကောင်း လိုအပ်မှုများ များစွာရှိနေသည်။ နောက်ဆုံးသောနေ့ရက်များ၏နိုးထမှုအတွက် ဆုတောင်းကြပါစို့။ နိုးပါ(awake)၊ နိုးပါ(awake)၊ ဒေဗောရ။ ... သူကြီး၊ ၅:၁၂ ကိုယ်ကိုနှိုးဆော်၍ (awake) တော်မူပါ။ ... ဆာ၊ ၃၅:၂၃ အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုး(Awake) တော်မူပါ။နိုး(awake) ၍ ... ဟေရှာ၊ ၅၁:၉ ယေရုရှလင်မြို့၊ နိုးလော့ (Awake)နိုး၍ထလော့(awake)။ ... ဟေရှာ၊ ၅၁:၁၇ ငါ၏အပေါင်းအဖော်ဖြစ်သောသူတစ်ဖက်၌ နိုးလော့(Awake)။ ... ဇာ၊ ၁၃:၇ ယခုအခါ အိပ်ပျော်ရာမှ နိုး(awake) ရသောအချိန်ရောက်ခဲ့ပြီဟု၊ ... ရော၊ ၁၃:၁၂ တရားသဖြင့် နိုး(Awake) ကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ ... ၁ကော၊ ၁၅:၃၄ ထိုကြောင့် အိပ်ပျော်သောသူနိုး လော့(Awake)။ ... ဧ၊ ၅:၁၄
axe / axesပုဆိန်A tool most often used for cutting trees down; may also be used as a weapon of war or in defense of one's property and family; in the Bible it was part of a miracle that happened with Elisha (2 Kin 6:5-6). သ်စပင်များခုတ်ရာတွင်အသုံးပြုသောကရိယာ၊ စစ်တိုက်ရာတွင် သို့မဟုတ် ပိုင်ဆိုင်သည့်ပစ္စည်းဉစ္စာနှင့် မိသားစုကိုကာကွယ်ရာတွင်လည်း အသုံးပြုသည်။ သမ္မာကျမ်းစာထဲတွင် ဧလိရှဲ၏အံ့ဩဖွယ်ရာအဖြစ် အပျက်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပုဆိန်(axe) သည် အရိုးကျွတ်၍ အဖော်ကိုထိသောကြောင့်၊ ... တရား၊ ၁၉:၅ ထွန်သွား၊ ပေါက်တူး၊ ပုဆိန်(axe)၊ တူးရွင်းကိုထက်စေခြင်းငှာ၊ ... ၁ရာ၊ ၁၃:၂၀ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်(axes) နှင့်အလုပ်မှုကို လုပ်စေ၍၊ ... ၂ရာ၊ ၁၂:၃၁ တစ်ယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်(axe) ကျ၏။ ... ၄ရာ၊ ၆:၅ ဗိမာန်တော်တန်ဆာများကို ပုဆိန်(axes) ၊ သံတူနှင့် တစ်ပြိုင်နက်၊ ... ဆာ၊ ၇၄:၆ အို သံတူ(axe) ကြီး၊ သင်သည် ငါစစ်တိုက်စရာ လက်နက်ဖြစ်၏။ ... ယေ၊ ၅၁:၂၀ သစ်ပင်အမြစ်နားမှာ ပုဆိန်(axe) ထားလျက်ရှိသည်ဖြစ်၍၊ ... မ၊ ၃:၁၀ သစ်ပင်အမြစ်နားမှာ ပုဆိန်(axe) ထားလျက်ရှိသည် ဖြစ်၍၊ ... လု၊ ၃:၉