accordတညီတညွတ်တည်းAgree with, match up with, concur with, be consistent with, harmonize with, be in harmony with, be compatible with; pact, treaty, agreement, settlement, deal, contract. DTP As a disciple of Christ it is important that we come into the will of God for our lives, to be in one accord with Him. The body of Christ is to function and serve as harmony unit. We are to work daily at being one with Christ and with each other as Christ disciples. This is one of the believer most powerful testimony that we can have to a lost world that we minister and serve together as one, glorifying Christ through our lives as His church. သဘောတူညီခြင်း၊ ရှေ့နောက်ညီခြင်း၊ သဘောတိုက်ဆိုင်သည်၊ ကိုက်ညီခြင်း၊ လိုက်ဖက်ခြင်း၊ လိုက်ဖက်သော။ သဘောတူညီချက်၊ သဘောတူစာချုပ်၊ သဘောတူညီမှု၊ ပြေငြိမ်းခြင်း၊ အပေးအယူ၊ သဘောတူစာချုပ်ချုပ်ဆိုသည်။ ခရစ်တော်၏တပည့်များအနေဖြင့် ဘုရားသခင်၏အလိုတော်ကိုဆောင် ရာတွင် ကိုယ်တော်နှင့်အတူသဘောတညီတညွှတ်ရှိရန်လိုပါသည်။ ခရစ်တော်၏ကိုယ်ခန္ဓာတော်ကို စိတ် သဘောညီညွှတ်စွာ၊ တစ်လုံးတစ်ဝတည်းဖြင့် အစေခံရပါမည်။ ခရစ်တော်၏တပည့်တော်များအနေဖြင့် နေ့စဉ်လုပ်ဆောင်ရာတွင် ခရစ်တော်နှင့်သော်လည်းကောင်း၊ အချင်းချင်းနှင့်သော်လည်းကောင်း သဘော တူညီစွာလုပ်ဆောင်ရပါမည်။ ထိုသို့အားဖြင့် ယုံကြည်သူတို့အတွက် ခွန်အားကြီးသောသက်သေပြုစရာ ဖြစ်ပြီး ဤလောကကိုတစ်လုံးတစ်ဝတည်းအစေခံကာ ကိုယ်‌တော်၏ဗိမာန်တော်တည်းဟူသောကျွန်ုပ်တို့ အသက်တာအားဖြင့် ခရစ်တော်၏ဘုန်းတော်ကိုချီးမြှောက်ကြရန်ဖြစ်သည်။ တညီတညွတ်တည်း (accord) ကြိုးစား၍ ဆုတောင်းပတ္ထနာပြုလျက် နေကြ၏။ ... တ၊ ၁:၁၄ ထိုသူအပေါင်းတို့သည် တညီတညွတ်တည်း (accord) စည်းဝေး၍နေကြ၏။ ... တ၊ ၂:၁ ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်း (accord) နေ၍၊ ... တ၊ ၂:၄၆ တညီတညွတ်တည်း(accord) ဘုရားသခင့်ထံသို့အသံကိုလွှင့်လျက်၊ ... တ၊ ၄:၂၄ သဘောတညီတညွတ်တည်း(accord) ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်း၊ ... ဖိ၊ ၂:၂

Leave a Reply

Your email address will not be published. Required fields are marked *